top of page

Windows 11 Update တင်မယ့်သူတွေ သတိထားပါ

  • Aug 19, 2025
  • 1 min read

Windows 11 24H2 Update (KB5063878) အသစ် တင်ထားတဲ့သူတွေ ဒါမှမဟုတ် တင်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် မနေ့ကတည်းကထွက်နေတဲ့ သတင်းတစ်ခုရှိပါတယ်။


အဲ့ဒီ KB5063878 Update က SSD/ HDD တွေကို ပြဿနာပေးနေတယ်လို့ ဆိုပါတယ်။


ဘာဖြစ်တာလဲဆိုတော့ ကိုယ့်ကွန်ပျူတာထဲကို ဖိုင် 40GB- 50GB ကျော်ဆက်တိုက် ကူးတာ၊ ဒေတာတွေအများကြီး တစ်ပြိုင်တည်းသွင်းတာမျိုး လုပ်တဲ့အခါ Drive ထဲက ဒေတာတွေ ပျက်စီးသွားတာ၊

Drive တစ်ခုလုံး ဖတ်မရတော့တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။


အဓိကကတော့ Phison controller သုံးထားတဲ့ NVMe SSD တွေမှာ အဖြစ်များနေပါတယ်။


အခုတော့ Phison ဘက်က ဒီကိစ္စကို ဖြေရှင်းဖို့ လုပ်နေပြီတဲ့။ ဒါပေမဲ့ Microsoft ကတော့ ဘာမှမပြောသေးဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်ရဲ့အရေးကြီးဒေတာတွေ မပျောက်ပျက်အောင် ဒီ Update ကို လောလောဆယ်မှာ မတင်သေးဘဲ ခဏရှောင်ထားလိုက်တာ အကောင်းဆုံးပါပဲ။



Comments


bottom of page