NewsMay 6, 20261 min read13 views

MacBook Neo ဈေးကွက် ဝယ်လိုအားများ

ဈေးကွက်ဝယ်လိုအားများလွန်းလို့ stock တွေပြတ်နေပြီ

MacBook Neo ဈေးကွက် ဝယ်လိုအားများ

Apple ရဲ့ နောက်ဆုံးထွက်ထားတဲ့ MacBook Neo ဈေးကွက် ဝယ်လိုအားက အဆမတန် မြင့်တက်လာတာကတော့ တကယ်ကို Wow ပါပဲ!

ဈေးကွက်ဝယ်လိုအားများလွန်းလို့ stock တွေပြတ်သလို Apple Store တချို့မှာ အခု order တင်ရင် May 1-8 မှာ stock ပြန်ရမယ်တယ်ဆိုပြီး တွေ့ရပါလိမ့်မယ်။

ဒါပေမဲ့ ဒီလိုအောင်မြင်မှုကြီးရဲ့ နောက်ကွယ်မှာတော့ MacBook Neo Chip Supply ဖိအားတွေကလည်း တဖြည်းဖြည်း မြင့်တက်လာတဲ့ စိန်ခေါ်မှုကြီးတစ်ခု ရှိနေပါတယ်ဗျ။

MacBook Neo မှာ သုံးတဲ့ A18 Pro chip ဆိုတာ iPhone 16 Pro မှာသုံးဖို့ standard မပြည့်လို့ အဖယ်ထားခံရတဲ့ Binned chip တွေပါ။ အခု 2026 မှာ A18 Pro Binned chip တွေကို အသစ်ထုတ်ဖို့ ခက်ခဲသွားပြီဖြစ်သလို ပြန်ထုတ်လုပ်ဖို့ကုန်ကျစရိတ်နဲ့ အခြေအနေကလည်း ခက်ခဲသွားပါပြီ။ ဒါကြောင့် A18 Pro chip ဟာ supply ကန့်သတ်ချက်ရှိနေပြီး Apple ဘက်က ဘယ်လိုဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အခုဆိုရင် Apple CEO Tim Cook က ရာထူးကနေ အနားယူတော့မှာဆိုတော့ CEO အသစ်ဖြစ်မယ့် Hardware Engineer John Ternus တစ်ယောက် ဘယ်လို move တွေသုံးမလဲ ကျွန်တော်တော့ စိတ်ဝင်စားတယ် 👀

ဒါပေမဲ့ အခု အခြေအနေကြောင့် ဘာမှမလုပ်ခင် အရင် ဖြစ်လာမှာက

  1. ‌ဝယ်လိုအားများနေတဲ့ MacBook Neo ဟာ ဈေးတက်လာနိုင်တာဖြစ်သလို
  2. ထုတ်လုပ်ဖို့ Chip မရှိတော့ရင်တော့ MacBook Neo 2 ခပ်မြန်မြန်ပဲထွက်လာမလားဆိုတာလေး စောင့်ကြည့်တာပေါ့ဗျာ

ကဲ... ဒီလို MacBook Neo ရဲ့ ရောင်းအားနဲ့ Chip supply အခြေအနေအပေါ် မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကော ဘယ်လိုရှိလဲဗျ?

Mac Tonic - Your Mac Friend Your Reliable Gadget Lab

#macbookneo#macbook#neo#apple

Share this article

More to read

Related posts

View all posts