Warranty & Return Policy

အာမခံနှင့် ပြန်လဲလှယ်မှု မူဝါဒ

ရရှိနိုင်သော အာမခံအမျိုးအစားများ

1. ဆိုင်အာမခံ (Warranty by Shop)

ဆိုင်အာမခံရရှိသော ပစ္စည်းများအတွက် Warranty Card များထည့်သွင်းပို့ဆောင်ထားပါသည်။

အာမခံကာလအတွင်း ချို့ယွင်းမှုရှိခဲ့ပါက ဘူးပစ္စည်းအပြည့်အစုံနှင့် အာမခံကဒ်ပြားတို့ကို ဆိုင်ဘက်သို့ ပြန်လည်ပေးပို့၍ အာမခံဝန်ဆောင်မှုရယူနိုင်ပါသည်။ (စည်းကမ်းချက်အပြည့်အစုံကို warranty card တွင်ဖော်ပြထားသည်။)

ကုန်ပစ္စည်းတွင် Factory error ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အသစ်တစ်ခု ထပ်မံပို့ဆောင်ပေးပါမည်။ (ပို့ဆောင်ခကို ဝယ်သူဘက်မှ ကျခံရပါမည်)

လတ်တလောပစ္စည်းပြတ်နေသော သို့မဟုတ် ထပ်မံရောင်းချခြင်းမရှိတော့သောပစ္စည်းဖြစ်ပါက ပစ္စည်းတန်ဖိုးကို ငွေပြန်အမ်းပေးပါမည် (Delivery ခများမပါဝင်ပါ)

2. ထိုင်းနိုင်ငံအာမခံ (Thailand Official Warranty)

ထိုင်းအာမခံပါဝင်သော ပစ္စည်းများအတွက် Mac Tonic ဆိုင်မှ ၁ လ အာမခံ ပေးပါမည်။

၁ လ အာမခံ ကာလကျော်လွန်ပါက ထိုင်းအာမခံဆက်လက်ရရှိပါမည်။

ထိုင်းအာမခံနှင့် ပတ်သက်၍ ဆိုင်မှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပြီး အာမခံတောင်းဆိုရာတွင် ကူညီဆောင်ရွက်ပေးပါမည်။

ထိုင်းနိုင်ငံသို့ ပို့ဆောင်ခြင်းနှင့် အာမခံတောင်းဆိုခြင်းအတွက် လိုအပ်သော ပို့ဆောင်ခအားလုံးကို ဖောက်သည်မှ ကျခံရပါမည်။

ပြန်လဲလှယ်နိုင်သော အခြေအနေများ

စက်ရုံထုတ် ချို့ယွင်းချက်ရှိသော ပစ္စည်းများ (factory error item) နှင့် ဆိုင်မှ မှားယွင်းပေးပို့သော ပစ္စည်းများအတွက်သာ ပြန်လဲလှယ်ခွင့်ရှိပါသည်။

အခြားအကြောင်းအရာများကြောင့် ငွေပြန်အမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်းများပြုလုပ်ပေးမည်မဟုတ်ပါ။