Aula F75 ဝယ်သင့်တဲ့အကြောင်းရင်းက
- Mac Tonic က ရောင်းလို့
မဝယ်သင့်တဲ့အကြောင်းရင်း
- မရှိပါ
Product spec ဆိုတာ
website မှာ ကြည့်လို့ရတာမို့
ကျွန်တော် feel နဲ့ experience ကိုပဲပြောပါမယ်။
ပထမဆုံး Aula F75 ကို Unboxing စလုပ်လိုက်တာနဲ့
soft plastic နဲ့ ထည့်ထားတဲ့
keyboard ကို ဖုံးထားတဲ့
dust cover အကြည်ကို တွေ့ရပါတယ်။
Keyboard ကို ထုတ်ပြီး ကိုင်တာနဲ့
နူးနူးညံ့နဲ့ touching ကောင်းတဲ့
body ကို စကိုင်မိပါတယ်။
Weight က အတန်အသင့်ရှိပြီး
aluminum body မဟုတ်တဲ့
75% တွေထဲမှာ weight လေးတဲ့
built ဖြစ်ပါတယ်။
Keyboard အောက်မှာ
စားပွဲပေါ်တင်ရင် ထောက်ဖို့
adjustable feet level 2 ခုပါပြီး
port အနေနဲ့ data/ charging type C
1 port ပါပါတယ်။
Build quality က ကိုင်ရတာ
weight ပါပြီး premium ဖြစ်တဲ့
feeling မျိုးပါ။
Keyboard က tri connection ရတာကြောင့် bluetooth, 2.4G, wire
connection 3 မျိုး ကြိုက်တာနဲ့ချိတ်နိုင်ပါတယ်။
ကျွန်တော်က MacBook နဲ့သုံးတာ
ကြောင့် bluetooth နဲ့ပဲချိတ်ပြီး
သုံးပါတယ်။
Mac mode, Windows mode,
Android mode ပါတာကြောင့်
ကြိုက်တဲ့ device နဲ့ အဆင်ပြေပြေသုံးနိုင်ပါတယ်။
သူ့မှာ တခြား keyboard နဲ့ ယှဉ်ရင်
ထူးခြားတဲ့နောက်တစ်ခုက
RGB brightness တော်တော်ကို
လင်းတာပါ။ ( RGB မကြိုက်ရင်
ပိတ်ထားလို့လည်းရတယ်)
Switch က Leobog Reaper switch ပါ။
သူက Linear type ပေမဲ့ tactile feedback နီးပါးရပါတယ်။ ကျွန်တော့်မှာ Keychron K2
(tactile brown switch) လည်း
ရှိတာကြောင့် ယှဉ်ကြည့်လိုက်ရင်
Keychron K2 brown switch ရဲ့
tactile ထက်ကို ပိုပြီး tactile feel ပါတယ်။
နောက်ဆုံး overall ပြောရရင်
75% mechanical keyboard ကို
sounding, typing feel, build quality
အကုန်ကောင်းတာလိုချင်ရင်တော့
Aula F75 ကိုရွေးပါခင်ဗျာ။
top of page
K285,000.00Price
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
bottom of page

