top of page

Warranty & Return Policy

ရရှိနိုင်သော အာမခံအမျိုးအစားများ 

  1. ဆိုင်အာမခံ (Warranty by Shop)

    • ဆိုင်အာမခံရရှိသော ပစ္စည်းများအတွက် Warranty Card များထည့်သွင်းပို့ဆောင်ထားပါသည်။

    • အာမခံကာလအတွင်း ချို့ယွင်းမှုရှိခဲ့ပါက ဘူးပစ္စည်းအပြည့်အစုံနှင့် အာမခံကဒ်ပြားတို့ကို ဆိုင်ဘက်သို့ ပြန်လည်ပေးပို့၍ အာမခံဝန်ဆောင်မှုရယူနိုင်ပါသည်။ (စည်းကမ်းချက်အပြည့်အစုံကို warranty card တွင်ဖော်ပြထားသည်။)

    • ကုန်ပစ္စည်းတွင် Factory error ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အသစ်တစ်ခု ထပ်မံပို့ဆောင်ပေးပါမည်။ ( ပို့ဆောင်ခကို ဝယ်သူသူဘက်မှကျခံရပါမည်)

    • လတ်တလောပစ္စည်းပြတ်နေသော သို့မဟုတ် ထပ်မံရောင်းချခြင်းမရှိတော့သောပစ္စည်းဖြစ်ပါက ပစ္စည်းတန်ဖိုးကို ငွေပြန်အမ်းပေးပါမည် ( Delivery ခများမပါဝင်ပါ)

  2. ထိုင်းနိုင်ငံအာမခံ (Thailand Official Warranty)

  • ထိုင်းအာမခံပါဝင်သော ပစ္စည်းများအတွက် Mac Tonic ဆိုင်မှ ၁ လ အာမခံ ပေးပါမည်။

  • ၁ လ အာမခံ ကာလကျော်လွန်ပါက ထိုင်းအာမခံဆက်လက်ရရှိပါမည်။

  • ထိုင်းအာမခံနှင့် ပတ်သက်၍ ဆိုင်မှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပြီး အာမခံတောင်းဆိုရာတွင် ကူညီဆောင်ရွက်ပေးပါမည်။

  • ထိုင်းနိုင်ငံသို့ ပို့ဆောင်ခြင်းနှင့် အာမခံတောင်းဆိုခြင်းအတွက် လိုအပ်သော ပို့ဆောင်ခအားလုံးကို ဖောက်သည်မှ ကျခံရပါမည်။

  1. ပြန်လဲလှယ်နိုင်သော အခြေအနေများ

  • စက်ရုံထုတ် ချို့ယွင်းချက်ရှိသော ပစ္စည်းများ (factory error item) နှင့် ဆိုင်မှ မှားယွင်းပေးပို့သော ပစ္စည်းများအတွက်သာ ပြန်လဲလှယ်ခွင့်ရှိပါသည်။

  •  အခြားအကြောင်းအရာများကြောင့် ငွေပြန်အမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်းများပြုလုပ်ပေးမည်မဟုတ်ပါ။

bottom of page