Creator တွေရဲ့ Creative Workflow ကို နောက်တစ်ဆင့်မြှင့်တင်ပေးမယ့် Logitech MX Master 3S 🚀
Video တွေတည်းဖြတ် (Editing)၊ Photo တွေ ပြင် (Photoshop)၊ Design တွေဆွဲ (Design) လုပ်တဲ့အခါ Mouse က ထစ်နေလို့ စိတ်မရှည်ဖြစ်နေပြီလား? ဒါမှမဟုတ် Laptop တစ်လုံး၊ PC တစ်လုံး၊ Mac တစ်လုံးနဲ့ ဟိုပြေးဒီပြေးလုပ်နေရလို့ အာရုံနောက်နေလား?
ဒါဆိုရင်တော့ Creator တွေရဲ့ "Ultimate Weapon" လို့ခေါ်ရမယ့် MX Master 3S က သင့်အတွက်ပါပဲ။
✨ Creator တွေ ဘာကြောင့် MX Master 3S ကို ကြိုက်ကြတာလဲဆိုရင်
🎞️ Editing Timeline အတွက် Thumb Wheel: Video Editing မှာ Timeline ကို စိတ်ကြိုက် ရှင်းရှင်းလင်းလင်းမြင်ရဖို့ ဒါမှမဟုတ် Zoom In/Out လုပ်ဖို့ ဘေးဘက်က Thumb Wheel (Horizontal scroll wheel) က အကောင်းဆုံး ကူညီပေးတယ်။
🎯 တိကျမှု (Precision) က အသက်ပဲ။ Pixel တစ်စက်မလွဲချင်တဲ့ Designer တွေ၊ Editor တွေအတွက် 8000 DPI Darkfield Sensor က ဘယ်လို မျက်နှာပြင် (မှန်သားပေါ်မှာတောင်) ဖြစ်ဖြစ် တိကျတဲ့ Control ကို ပေးစွမ်းနိုင်တယ်။
💻 Magic လို 'Flow' Feature။ ကိုယ့်ရဲ့ PC (Windows) မှာ Edit လုပ်နေရင်းကနေ Idea တွေချရေးထားတဲ့ MacBook (Mac OS) ဘက်ကို Mouse လေးရွှေ့လိုက်ရုံနဲ့ File တွေ၊ ပုံတွေ အလွယ်တကူ ကူးပြောင်းနိုင်တယ်။ ဒါ့အပြင် Bluetooth Device 3 ခုအထိ ချိတ်ထားလို့ရတော့ mouse 3 ခုမလိုတော့ဘူး။
⚡ Shortcut တွေက အစ Customized လုပ်လို့ရတယ်။ ကိုယ်အမြဲသုံးနေကျ Software (ဥပမာ - Premiere Pro, Photoshop, DaVinci) ထဲက Shortcut တွေကို Customizable Buttons (7) ခု မှာ ထည့်ထားလိုက်ရုံပဲ။ (Gesture Button လည်းပါတယ်) Logi Options+ app နဲ့ဆို လုံးဝ Work Smart ဖြစ်ပြီ။
🔋 ရက် ၇၀ (70 Days) ခံတဲ့ Battery ပါတယ််။ Idea တွေတန်းစီဝင်နေတုန်း Mouse အားကုန်သွားလို့ Flow ပျက်သွားတာမျိုး မဖြစ်စေရဘူး။ အားအပြည့်သွင်းထားရင် ရက် ၇၀ တောင်ခံတယ်။ အရေးကြီးလို့ အားမရှိတော့ရင်တောင် Type C နဲ့ ၁ မိနစ်သွင်းရုံနဲ့ ၃ နာရီ ဆက်တိုက်သုံးနိုင်တယ်။
🤫 တိတ်ဆိတ်တဲ့ Quiet Click ဖြစ်တယ်။ ကိုယ်က Stream လုပ်နေတာပဲဖြစ်ဖြစ်၊ Mic နားမှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ် 'တကလစ်ကလစ်' အသံတွေ ဝင်မနေတော့ဘူး။ ကိုယ့်ရဲ့ အခန်းဖော်ကို အသံအနှောင့်အယှက် မဖြစ်စေတော့ဘူး
Logitech Mx Master 3S
အရောင် : Graphite / Pale Grey
စျေးနှုန်း : 399,000 MMK
အာမခံ : 1-Year Limited Hardware Warranty by Logitech Thailand
Mac Tonic - Your Mac Friend
Your Reliable Gadget Lab
top of page
K399,000.00Price
Related Products
bottom of page

















