ညကောင်းကင်ကို ငေးကြည့်ရတာဟာ ကျွန်တော့်အတွက်တော့ စိတ်အပန်းပြေဆုံး အချိန်ပါပဲ။ ဒါပေမဲ့ မြို့ပြရဲ့မီးရောင်တွေကြားမှာ Milky Way ကို မြင်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပေါ့ဗျာ
အဲ့ဒါနဲ့ Youtube မှာ တွေ့တွေ့နေတဲ့ Night Projector တစ်လုံးလောက် ဝယ်ကြည့်ဖို့ အမြဲစိတ်ကူးရှိခဲ့တယ်။ ဒါပေမဲ့ အခုမှပဲ တကယ်တမ်း ဝယ်ဖြစ်တော့တယ်။
ဒီပစ္စည်းကို Unboxing လုပ်ကတည်းက ပေါတောတော တရုတ်ပစ္စည်းတွေလိုမဟုတ်တာ သတိထားမိတယ်ဗျာ။ ဖော့အစုံထည့်ထားသလို English instructions တွေပါတော့ feeling အသစ်ရတယ်။
အဲ့ဒါနဲ့ ပစ္စည်းကိုထုတ်လိုက်ပြီးတော့ သူ့မှာထည့်သုံးရမယ့် Film Disc ၂ ထုပ်ကိုတွေ့တယ်။ Film Disc ၂ ထုပ်မှာ မတူညီတဲ့ Galaxy တွေ၊ ညကောင်းကင်ယံပုံစံ Film Disc စုစုပေါင်း (၁၂) ချပ်တောင် ပါတယ်။ အကုန်လုံးက လှပေမယ့် ကျွန်တော် အကြိုက်ဆုံးကတော့ "Moon Film Disc" ပါပဲ။
မျက်နှာကြက်ပေါ်မှာ ပေါ်လာတဲ့ လမင်းကြီးရဲ့ ပုံရိပ်က အစက်အပြောက်လေးတွေကအစ တကယ့်ကို Super Detail ဖြစ်လွန်းလို့ အပြင်မှာ လကို တယ်လီစကုပ်နဲ့ ကြည့်နေရသလို ခံစားချက်မျိုး ပေးတယ်။
ပြီးတော့ သူ့မှာ Film တွေကို လည်ပတ်စေတဲ့စနစ်ပါလို့ တကယ့်ကို ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း ရွေ့လျားနေသလို ခံစားရမှာပါ။ Speed ကိုလည်း ၂ ဆင့် ချိန်လို့ရပြီး အသံက လုံးဝတိတ်ဆိတ်နေတာမို့ အိပ်ပျော်သွားရင်တောင် အနှောင့်အယှက်မဖြစ်ဘူး။
Projector တွေလိုပဲ Focus Ring ပါတာကြောင့် မျက်နှာကြက် အနိမ့်အမြင့်ပေါ်မူတည်ပြီး ပုံရိပ်ကို အကြည်လင်ဆုံးဖြစ်အောင် ချိန်ညှိလို့ရတယ်။
ပုံရိပ်ကို ၁၂.၅ စတုရန်းမီတာအထိ အကျယ်ကြီး Projection ပေးနိုင်လို့ အခန်းကျယ်ရင်တောင် တစ်ခန်းလုံး Galaxy ကြီး ဖြစ်သွားမှာပါ။
အိပ်ခါနီး သုံးချင်တာလား? အဲ့ဒါအတွက် ၁ နာရီ ဒါမှမဟုတ် ၂ နာရီ Timer ပေးထားလို့ရသလို တစ်ညလုံး "On" ထားချင်လည်း ရပါတယ်။
Box ထဲမှာ ဘာတွေပါမလဲ?
Box ထဲမှာ 5V USB-C Cable (ပါပြီးသား) နဲ့ အလွယ်တကူ ဖတ်လို့ရတဲ့ English Instruction လေးပါဝင်ပါတယ်။
ဒီ Product လေးက ညဘက်အိပ်မရတဲ့သူတွေ၊ အခန်းထဲမှာ Chill Vibe လေး လိုချင်သူတွေအတွက် မျက်နှာကြက်ကို ကြည့်လိုက်တာနဲ့ စကြဝဠာထဲ ရောက်သွားသလို ခံစားချက်က တော်တော်ကြီးမိုက်ပါတယ်။
ဒီကောင်လေးကို
Mac Tonic မှာ instock ဝယ်လို့ရပါပြီ
Night Projector
- 12 Additional Film Discs included
- 125,000 Ks
ပုံကတော့ ကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့အပြင်ပုံတွေပါ။
Mac Tonic - Your Mac Friend
Your Reliable Gadget Lab
top of page
K125,000.00Price
Related Products
bottom of page

















