top of page

Amazon မှာ Best Seller Headphone ဆိုပြီးပေါ်နေလို့ "ဈေးက‌လည်း‌မဆိုးဘူး User Feedback တွေလည်းမဆိုးဘူး‌" ဆိုပြီး try ကြည့်ပြီးမှ ကျွန်တော့်ရဲ့ Daily Essential ဖြစ်သွားတဲ့ Soundcore Q20i

ကျွန်တော် ဒီ Headphone ကိုသုံးနေတာ တစ်လလောက်တော့ရှိပြီ။ သူ့မှာ ထူးထူးခြားခြားရတဲ့ experience ကို ပြောပါဆိုရင်

👉 သူ့ရဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် အသံပိုင်းက တကယ်ကို Surprising ဖြစ်စေပါတယ်။ အထူးသဖြင့် Bass သံကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။ Bass က တုန်ခါမှုအားကောင်းပြီး Deep ဖြစ်သလို၊ သီချင်းနားထောင်တဲ့အခါ ပုံမှန် Budget Headphone တွေထက် အများကြီး ပိုကြည်လင်တာကို တွေ့ရပါတယ်။

👉 ဒီနားကြပ်ရဲ့ Highlight ကတော့ သူ့ရဲ့ Hybrid Active Noise Cancellation ပါ။ Hybrid ANC ဆိုတာက လက်ရှိ ANC တွေထဲ အမြင့်ဆုံးနည်းပညာ‌တွေထဲမှာပါပါတယ်။ ဒီနားကြပ် မှာ ANC အတွက် သီးသန့် ခလုတ်ထည့်ထားပြီး သူ့ကို ဖွင့်လိုက်တာနဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကို တော်တော်လေး ငြိမ်သွားစေတယ်။ လမ်းဘေးက ကားသံ၊ ဆူညံသံတွေကို ကောင်းကောင်းကြီး ဖျောက်ပေးနိုင်တာမို့‌အေးအေးဆေးဆေးအာရုံစိုက်ချင်တဲ့အချိန်တွေမှာ အသုံးဝင်ပါတယ်။

👉 တခြား Budget Headphone တွေမှာ Transparency mode က အသံတွေက ပိတ်ပိတ်ကြီး ဖြစ်နေတတ်ပေမယ့် Q20i မှာတော့ ပတ်ဝန်းကျင်က အသံတွေကို သဘာဝကျကျ ကြားရပါတယ်။ နားကြပ်မချွတ်ဘဲ စကားပြောရတာမျိုး၊ လမ်းလျှောက်ရင်း သုံးရတာမျိုးအတွက် တကယ်ကို အဆင်ပြေပါတယ်။

(တခု ပြောချင်တာက Airpod Pro တို့လို 10 သိန်းကျော်တဲ့ နားကြပ်တွေသုံးပြီး 2 သိန်းမပြည့်တဲ့ budget headphone ကို Transpency မမှီဘူးလို့တော့မပြောနဲ့ပေါ့ဗျာ။ လက်ရှိမှာ Airpod တွေက Transpency mode မှာ အကောင်းဆုံးနားကြပ်တွေထဲပါတာကိုး)

👉 Q20i က Build Quality ပိုင်းမှာတော့ ပလတ်စတစ်ကိုပဲ အဓိက သုံးထားတာမို့ အနည်းငယ် Cheap ဖြစ်သလို ခံစားရနိုင်ပေမယ့် ဈေးနှုန်းကို ပြန်ကြည့်ရင်တော့ ဒါဟာ လက်ခံနိုင်စရာ အနေအထားပါ။ ပလတ်စတစ်သုံးတဲ့အတွက် အားသာချက်ဖြစ်သွားတာကတော့ ပေါ့ပါးတာနဲ့ ကြာရှည်တပ်ထားရင်တောင် သက်တောင့်သက်သာရှိနေတာပါပဲ။

👉 Battery ကလည်း အတော်ကြီးခံတယ်။ သူတို့ကြော်ငြာထားတာကတော့ ANC off ရင် နာရီ 60 ခံပြီး ANC on ထားရင် နာရီ 40 ခံတယ်လို့ပြောထားတယ်။ အားမရှိရင်လည်း 5 မိနစ်အားသွင်းရုံနဲ့ 4 နာရီကြာနားထောင်လို့ရသေးတယ်။ Headphone တော်တော်များများကတော့ အားမတရားခံလို့ ကျွန်တော်တော့ သိပ်ပြီးသတိမထားဖြစ်ဘူး။

အချုပ်အနေနဲ့ပြောရရင်

ဈေးအများကြီးမသုံးချင်ဘူး၊

ANC ကောင်းကောင်း၊ Bass ကောင်းကောင်းနဲ့ Professional ဆန်တဲ့ ခံစားချက်ကို လိုချင်တယ်ဆိုရင်တော့ Soundcore Q20i က နောင်တမရစေမယ့် ရွေးချယ်မှုတစ်ခုပါ။

Soundcore App နဲ့ ချိတ်သုံးလို့ရတဲ့အပြင် Device 2 ခုကို တပြိုင်တည်းချိတ်ထားလို့ရလို့ multi device ရှိတဲ့သူတွေအတွက် convenient တော်တော်ဖြစ်ပါတယ်။

ဒီကောင့်ကို Mac Tonic မှာ Instock ရပြီနော်

Soundcore Q20i

Color - black, blue

Price - 185,000 kyat

6 Months Warranty by Mac Tonic

‼️ ကိုယ်တိုင်ရိုက် အပြင်ပုံတွေဖြစ်လို့ ကူးယူဖော်ပြခွင့်မပြုပါခင်ဗျာ ‼️

Mac Tonic - Your Mac Friend

Your Reliable Gadget Lab

Soundcore Q20i - Black

K185,000.00Price

    Related Products

    bottom of page