ArticleMay 6, 20262 min read2 views

Discrete GPU ‌‌‌မှာ မင်းမူနေတဲ့ ထိပ်သီး Company 3 ခု

လက်ရှိ ကွန်ပျူတာလောကမှာ Graphic Card (GPU) လို့ ပြောလိုက်ရင် မင်းမူနေတဲ့ ထိပ်သီးကုမ္ပဏီကြီး ၃ ခု

Discrete GPU ‌‌‌မှာ မင်းမူနေတဲ့ ထိပ်သီး Company 3 ခု

ကွန်ပျူတာတစ်လုံးမှာ CPU က ဦးနှောက်ဆိုရင် GPU အရောင်တွေ‌ပုံဖော်ပေးတဲ့ နှလုံးသားပဲဗျ

လက်ရှိ ကွန်ပျူတာလောကမှာ Graphic Card (GPU) လို့ ပြောလိုက်ရင် မင်းမူနေတဲ့ ထိပ်သီးကုမ္ပဏီကြီး ၃ ခု ရှိတယ်

သူတို့ကတော့

  1. NVIDIA
  2. AMD နဲ့
  3. Intel ပါ

Company တစ်ခုချင်းစီမှာ သူ့အားသာချက်ကိုယ်စီရှိကြတယ်

NVIDIA ကတော့ လက်ရှိ GPU လောကမှာ ရှေ့ဆုံးမှာ ရှိနေတဲ့ ဘုရင်ပါ။ Gaming မှာ တင် မဟုတ်ဘဲ AI အလုပ်တွေမှာပါ ထိပ်ဆုံးကရပ်တည်နေပါတယ်။

သူ့ နာမည်ကြီးတဲ့ နည်းပညာတစ်ခုက‌တော့ Ray Tracing ပါ။ Reflection တွေ Texture တွေ အကောင်းဆုံးပုံ‌ဖော်ပေးသလို DLSS (AI သုံးပြီး Frame Rate တင်ပေးတဲ့စနစ်) ကလည်း တခြား Company တွေထက် အများကြီး သာပါတယ်။

GPU မှာ နာမည်ကြီးတဲ့အတွက် RAW Performance တူရင်တောင် NVIDIA ဖြစ်နေ တာကြောင့် Premium ကြေး (ဈေးပို) ပေးရပါတယ်။

AMD ကတော့ NVIDIA ကို အမြဲတမ်း ခြိမ်းခြောက် (လိုက်ပြိုင်) နေတဲ့ ပြိုင်ဘက်ပါ။ သူကကျ "Raw Performance" ကို ဦးစားပေးပါတယ်။ ဈေးတူရင် VRAM ပိုပေးတတ်တာကြောင့်လည်း Price Per FPS ပိုသာတတ်တယ်။

သူ့မှာ NVIDIA ရဲ့ DLSS ကို ယှဉ်ဖို့ FSR ဆိုတဲ့ စနစ်ရှိတယ်။ ဒါပေမဲ့ Ray Tracing ပိုင်းမှာ NVIDIA ကို မမီသေးသလို၊ Professional Software တချို့တွေမှာ NVIDIA လောက် Optimization မကောင်းသေးတာမျိုး ရှိတတ်ပါတယ်

ဒါပေမဲ့ AMD ဆိုရင် ပူတယ်ဆိုတဲ့ အတွေးတွေကတော့ အတိတ်မှာ ထားခဲ့လိုက်ပါတော့၊ နောက်ပိုင်း AMD GPU တွေက ပိုပြီး Heat နဲ့ Electricity efficiency ပိုကောင်းပါတယ်။

နောက်ဆုံးမှထွက်တာမဟုတ်ပဲ နောက်မှ Graphic card ပြန်ထုတ်တာကတော့ Intel ပါ။

CPU လောကမှာ ဘုရင်ဖြစ်ပေမယ့် GPU လောကထဲကို သေချာပစ်ဝင်ထားတာ မကြာသေးပါဘူး။ Intel Arc series ဆိုတဲ့နာမည်နဲ့ထုတ်ပါတယ်။

ငယ်ပေမဲ့ Intel ဖြစ်‌တာကြောင့် 2025 Q3 မှာ GPU ဈေးကွက်မှာ 1% share ရယူနိုင်တဲ့ historic milestone ရခဲ့ပါတယ်။ Market share နည်းတယ်ဆိုပေမဲ့ Notable ဖြစ်တဲ့ achievement တစ်ခုပါ။

မြန်မာမှာနည်းသေးသလို ကျွန်တော်လည်း သိပ်မသိလို့ သိပ် မပြောတော့ဘူး😅

Forums တွေမှာ တွေ့မိတာတာတော့ Game တချို့မှာ Driver Error တွေ ရှိတယ်ဆိုပြီး မေးခွန်းတွေ တက်‌တာတော့ရှိပါတယ်။ သတင်းတွေအရတော့ Flagship GPU တွေထက်စာရင် Budget GPU ပိုင်းကို အားစိုက်နေတယ်လို့တော့ တွေ့ရတယ်။

ဒါကတော့ လူသိများတဲ့ Company ကြီး 3 ခုဖြစ်ပြီး တရုတ် မှာလည်း GPU ကို စလုံးရေစ ကိုယ်တိုင် ထုတ်လာကြပါပြီ

တရုတ်ရဲ့ Four Little Dragons ဆိုပြီးတောင် GPU company 4 ခုကို nickname ပေးထားကြသေးတယ်

ကဲ... မိတ်ဆွေတို့ကော လက်ရှိ ဘယ် GPU ကို သုံးနေလဲ? ဘယ် Team ကို ပိုသဘောကျကြလဲဗျာ

#GPU#Computer#PC#Hardware

Share this article

More to read

Related posts

View all posts