top of page

Gaming Mouse မဝယ်ခင် ဒါကို ဖတ်ပါ

ree

Gaming mouse ဆိုတာ

❌ မီးရောင်စုံလင်းနေရုံတင်မဟုတ်ဘဲ

✅ Gaming အတွက် input, output response တွေနဲ့ sensor ကောင်းကောင်းပါတဲ့ mouse တွေကိုပြောတာပါ


🎯 Gaming mouse တစ်ခု

ဝယ်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့အချက်တွေက


🔬Sensor Technology


သူက အရေးကြီးဆုံး အဓိက Factor တစ်ခုပါ။ ဥပမာ

PixArt (PAW), Logitech HERO, Razer Focus Pro နဲ့ TrueMove sensor တို့ဆို နာမည်ကြီးသလို accuracy နဲ့ reliability မှာပါကောင်းမွန်တဲ့ sensor တွေဖြစ်ပါတယ်။


⚡ ဒုတိယအနေနဲ့ကတော့ သုံးထားတဲ့ Switch Quality ပါ။ Omron, Kailh, Razer Optical စတဲ့ switch တွေအပြင် တခြား quality ကောင်းတဲ့ switch တွေက်ိုရှာရွေးပါ

( ဒါ့အပြင် mechanical switch နဲ့ optical switch ဆိုပြီးလည်းရှိပါသေးတယ် )


📐 Shape ကိုလည်း မေ့ထားလို့မရပါဘူး


mouse ပေါ်ကို လက်တင်သုံးတဲ့ပုံစံပေါ်မူတည်ပြီး ကိုယ်နဲ့ အဆင်ပြေမယ့် mouse shape ကိုရွေးဖို့လိုပါတယ်။

လက်တင်တဲ့ပုံစံပေါ်မူတည်ပြီး

Grip style ဆိုတာလည်းရှိပြီး Palm, Claw, Fingertip ဆိုပြီးရှိပါတယ်ဗျ၊

ဒါ့အပြင် ကိုယ့်လက် အရွယ်အစားအလိုက်

small to median / large size ဆိုပြီးရွေးလို့လည်းရပါတယ်


🏋️ Shape ပြီးရင်တော့ Mouse Weight ပါ


FPS gamer တွေဆို 30 - 70 gram ဝန်းကျင်ကြား ရွေးချယ်ကြလေ့ရှိပြီး

အခုနောက်ပိုင်းဆိုရင်တော့ အလေးချိန်ပေါ့တဲ့ mouse တွေကို လူကြိုက်ပိုများလာပါတယ်။

(ကျွန်တော်ဆိုလည်း ပေါ့တဲ့ mouse တွေကို

ပိုကြိုက်ပါတယ်)


🛜 ပြီးရင်တော့ Mouse ရဲ့

ချိတ်ဆက်နိုင်စွမ်း (connectivity) ပါ။


Mouse ကို Wireless သုံးချင်တာလား၊

Wire ပဲကြိုက်တာလား၊ Game လည်းဆော့ပြီး တခြား productivity အတွက်

bluetooth ချိတ်လို့ရတာလေးပါလိုချင်တာလား ဆိုပြီး စဉ်းစားရပါတယ်။

Gaming mouse အများစုကတော့

Wireless, Wired ပဲ လာတတ်ကြပြီး

Bluetooth ပါတာတော့ နည်းနည်းရှားပါတယ်။

Wireless ရွေးတယ်ဆိုရင်

သူ့ Wireless Technology က Tech space မှာ reputation ကောင်းလား

ဆိုတာကြည့်ပါ။


📡 အရေးကြီးတဲ့နောက်တစ်ခုက 1K, 8K စသဖြင့် ပြောလေ့ရှိကြတဲ့ Polling rate ပါ


Polling rate ဆိုတာက Mouse နဲ့

Computer ကြား data အပို့အယူ

တစ်စက္ကန့်မှာ ဘယ်နှကြိမ်

အလုပ်လုပ်လဲဆိုတာ တိုင်းတာတာပါ။

(အခုဆိုရင် Wireless ကို 8000Hz polling rate အထိပါ ရနေကြပါပြီ)


🧑‍💻 Last but not least > software support ရ/မရ


Gaming mouse ဆိုတာ

customization လုပ်ဖို့လိုတဲ့ အလျှောက် Software tweak, Macro တွေလည်း

ထားနိုင်၊ လုပ်နိုင်ရင် ပိုကောင်းပါတယ်။


ဒါတွေကတော့ Gaming mouse တစ်ခု

မဝယ်ခင်မှာ မဖြစ်မနေသိသင့်တာတွေပါ


သင့်အတွက် အသင့်တော်ဆုံး gaming mouse ရှာချင်ရင်တော့ HarmoniX မှာ Performance ကောင်းပြီး ဈေးသင့်တဲ့ Gaming mouse တွေ instock ရှိနေပါပြီ


Sale items တွေကို စျေးချိုချိုနဲ့ ရနိုင်မယ့်အပြင် မထင်ထားလောက်တဲ့စျေးတွေနဲ့ Flash Sale တွေလည်းရှိမှာမို့ Gaming Gears တွေဝယ်ဖို့စိတ်ကူးထားရင် HarmoniX Gadgets & Accessories ကို Like & Follow သွားပါဦးခဗျာ


Comments


bottom of page