ဂိမ်းဆိုတာထက် အနုပညာလက်ရာတစ်ခုလို့ တင်စားရမယ့် Masterpiece - Machinarium 🤖💡
- Red Sunset
- Aug 31
- 1 min read

Bro တို့ Action-packed ဂိမ်းတွေကနေ
ခဏအနားယူပြီးမျက်စိနဲ့ နား ပသာဒ
ဖြစ်စေမယ့်ဂိမ်းကောင်းလေးတစ်ခု ရှာနေပါသလား?
ဒါဆိုရင်တော့ PC မှာရော Mobile မှာပါ ဆုပေါင်းများစွာရရှိထားပြီး ကမ္ဘာတစ်ဝှမ်းက Gamer တွေရဲ့ good review အပြည့်အဝရထားတဲ့ Indie ဂိမ်း "Machinarium" နဲ့
မိတ်ဆက်ပေးပါရစေဗျာ
ထုံးစံအတိုင်း Epic Games မှာ Free ပေးနေလို့ ကိုယ့် Gamer တွေအတွက် share ပေးလိုက်ပါတယ်ဗျ 😉
ဒီဂိမ်းက ရိုးရှင်းတဲ့ Point-and-Click Adventure Puzzle game အမျိုးအစားဖြစ်ပြီး သူ့ Story လေးကတော့
စက်ရုပ်လေးတွေနေထိုင်တဲ့ ကမ္ဘာထဲက
Josef ဆိုတဲ့ စက်ရုပ်လေးတစ်ရုပ်ရဲ့ နေရာကနေ သူ့ရဲ့ချစ်သူကို ကယ်တင်ဖို့အတွက် ပဟေဠိတွေကို အဖြေရှာရတာ ဖြစ်ပါတယ်။
ဒီဂိမ်းက ရိုးရှင်းပေမဲ့ ဘာကြောင့် ထူးခြားပြီးလူကြိုက်များရတာလဲဆိုရင်
👌 သူ့မှာ စကားပြောတာလုံးဝမပါဝင်တာပါ။
Bro တို့ကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုတဲ့
Text တွေတောင်မပါပါဘူး
👌ဇာတ်လမ်းတစ်ခုလုံးကို ရုပ်ပုံလေးတွေ၊ Animation တွေ၊ ဇာတ်ကောင်ရဲ့ အတွေးပုံရိပ်တွေ (Thought Bubbles) နဲ့ပဲ ဖော်ပြထားတာကြောင့် နှလုံးသားနဲ့ နားလည်ခံစားမယ်ဆိုတဲ့Gamer တွေကို စထွက်ထွက်ခြင်းဆွဲဆောင်နိုင်ခဲ့ပါတယ်။
👌ပြီးတော့ သူ့ Story နဲ့ Character အကုန်
လက်နဲ့ဆွဲထားတာဖြစ်ပြီး
Steampunk အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီစက်ရုပ်ကမ္ဘာကြီးထဲမှာ Comic ဖတ်နေရသလို ခံစားရစေပါတယ်။
👌ဒီ Visual Art ကြောင့်ပဲ ဂုဏ်သတင်းကျော်ကြားတဲ့ Independent Games Festival မှာ "Excellence in Visual Art" ဆုကို ရရှိခဲ့ပါတယ်။
💥 နောက်ဆုံးထူးခြားတာကတော့
ဦးနှောက်ခြောက်စေမယ့် ပဟေဠိတွေပဲဖြစ်ပါတယ်။
ဂိမ်းထဲက Puzzle တွေက
ပတ်ဝန်းကျင်ကို သေချာလေ့လာ၊ ပစ္စည်းတွေကို ဆက်စပ်ပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်မှသာ အဖြေထုတ်နိုင်မှာဖြစ်လို့ Gamer တွေရော Gamer တွေရဲ့ “သားသားမီးမီး” တွေအတွက်ပါ အကျိုးရှိစေပါလိမ့်မယ်ဗျ။
သူ့ နောက်ခံတေးဂီတကလည်း ဂိမ်းရဲ့ Atmosphere နဲ့ လိုက်ဖက်ညီလွန်းတာကြောင့်
ဆုတွေလည်း ရထားပါတယ်။
✨ ဒါကြောင့်
Machinarium ဟာ
အနုပညာဆန်ဆန် Visual တွေကို ကြိုက်နှစ်သက်သူတွေ၊
ဦးနှောက်ခြောက်စေတဲ့ Puzzle တွေကို အဖြေရှာရတာ သဘောကျသူတွေ
(Puzzle Gamer တွေနဲ့ Gamer သားသားမီးမီးတွေရောပေါ့ဗျာ)၊
ထူးခြားတဲ့ Indie Game အတွေ့အကြုံကို
ခံစားချင်တဲ့သူတွေအတွက်
ကွက်တိဖြစ်စေပါလိမ့်မယ်။
ဒါကြောင့် သွား claim ထားကြဦးဗျို့ 🔔




Comments