top of page

𝗶𝗣𝗮𝗱 လား 𝗠𝗮𝗰𝗯𝗼𝗼𝗸 လား


ree

🔵M series chip (M1, M2, M3, M4) ပေါ်လာပြီးကတည်းက iPad ဆိုတာ

အရင်ကထက်

စွမ်းဆောင်ရည်အားကြီးပြီး

ဖြစ်နိုင်စွမ်း ဖြစ်နိုင်ခြေတွေ အများကြီးရှိတဲ့ powerful machine တစ်ခုဖြစ်လာပါတယ်။

User experience ပိုကောင်းလာတဲ့ iPadOS နဲ့ Apple pencil နဲ့ပေါင်းသုံးရင်

iPad က artist တွေအတွက် Magic wand 🪄 တစ်ခုလိုပါပဲ။


✅ဘယ်လိုလူမျိုးတွေကို iPad ဝယ်ဖို့ recommend လုပ်လဲ?

- iPad နဲ့အနုပညာဖန်တီးချင်တဲ့ artist တွေ

- Multimedia user တွေ

- MOBA ဆော့မဲ့သူတွေ

- ကျောင်းသား/ကျောင်းသူတွေ

- Computer တစ်ခုရှိပြီးသား အပြင်ထွက်လို့ on the go ကို keyboard မပါပဲ ပေါ့ပေါ့ပါးပါးသုံးချင်တဲ့သူတွေကို recommend လုပ်ပါတယ်။


❗️ဒါပေမဲ့ သင့်မှာ tight budget ဖြစ်နေတယ် iPad သို့မဟုတ် MacBook ပဲ

ရွေးရမယ်ဆိုရင်တော့

ဒီ အချက်တွေကို စဉ်းစားပါခင်ဗျာ

- သင့်မှာ computer တစ်လုံးရှိပြီးသားလား

- သင် နောက် ၃ နှစ်မှာရော ဘာဆက်လုပ်ဖြစ်မှာလဲ?

Computer တစ်လုံးရှိပြီးသားဆိုရင်

iPad က multimedia consumption အတွက် အရမ်း အဆင်ပြေတဲ့ device တစ်ခုပါ။


💭Macbook တွေလိုလည်း

ဂရုစိုက် ထိန်းသိမ်းစရာမလိုဘူး၊

battery လည်းခံတယ်၊

ကြိုက်တဲ့ power bank နဲ့လဲ အားသွင်းလို့ရတယ် (Macbook ဆို laptop power bank တွေလိုဦးမယ်)

on the go မှာ MacBook ထက်အများကြီးအဆင်ပိုပြေပါတယ်။


ဒါပေမဲ့ အပေါ်ကအချက်မှာ

သင့်မှာ computer မရှိဘူး၊

တချို့ computer နဲ့မှ လုပ်လို့ရတဲ့အလုပ်တွေလုပ်ရမယ်ဆိုရင်

iPad နဲ့ဆိုခက်ခဲနေမှာပါ။

နောက်တချက်က iPad ကို Professional software တွေ ဘယ်လောက် support လုပ်တယ်ပြော

ပြော software company တွေက

interface ကျဉ်းကျဉ်းမှာ functionality တွေ အကုန်မထည့်ပေးကြပါဘူး။

အတွင်းကျကျ အလုပ်လုပ်ရမှာဆိုရင်တော့

MacBook ကိုပဲ recommend လုပ်ပါတယ်။


ဒီလိုပြောလို့ iPad တစ်ခုပဲ ရှိတယ်ဆိုရင်

excel, powerpoint , video editing လုပ်လို့မရတာမဟုတ်ပါဘူး။ အားလုံးမှာ နည်းလမ်းရှိပါတယ်။

ကျဉ်းကျဉ်းကျပ်ကျပ်

လုပ်ရရုံပဲဖြစ်တာပါ။

ကျွန်တော်လည်း iPad သုံးပြီးမှ

MacBook ဝယ်တာမို့

iPad ရဲ့ စွမ်းဆောင်နိုင်မှုရော

limitation ရော တော်တော်များများသိပါတယ်။


👍iPad မှာ ကြိုက်တဲ့အချက်ကတော့

ကျွန်တော့် iPad pro 10.5 ဆိုရင်

First Pro Motion 120Hz ပါတဲ့ screen နဲ့

2017 ကတည်းက ထွက်ထားတာ

daily သုံးတယ် luma fusion နဲ့ video edit တယ်

Pencil နဲ့ note taking တွေလုပ်တယ်။

အခုထိဆို နေ့တိုင်းနီးပါးသုံးနေတာ

6 နှစ်ကျော်ပါပြီ။

Battery ကကျနေပြီ ဒါပေမဲ့

တခါမှမလဲဖြစ်သေးဘူး။

တကယ်တန်တဲ့ device ပါ။

(အခုတော့ ကြွသွားပါပြီ :3)


👍MacBook ကတော့ computer ပဲမို့လို့

touch screen နဲ့ ပတ်သက်ပြီး

မရတာကလွဲရင်

အလုပ်အကုန်ဖြစ်ပါတယ်။


ဒီလောက်ဆို အရေးကြီးတဲ့အချက်တွေ အကုန်ပါပြီမို့လို့

ကိုယ်နဲ့သင့်တော်တာ

ရွေးချယ်နိုင်ကြပါစေ


Mac Tonic - Your Mac Friend

Your Reliable Gadget Lab

Comments


bottom of page