iPhone နဲ့ iPad သုံးတဲ့ Video Creator တွေအတွက် သတင်းကောင်း!
- Red Sunset
- Sep 6
- 1 min read

Adobe ကုမ္ပဏီက သူတို့ရဲ့ နာမည်ကြီး Professional Video Editor ဖြစ်တဲ့ 'Adobe Premiere' ကို iPhone နဲ့ iPad တွေမှာ အပြည့်အဝ အခမဲ့ သုံးနိုင်မယ့် App အသစ်ကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ကြောင်း ဒီနေ့ထုတ်ပြန်ထားပါတယ်။
အခမဲ့ (Free) download ဆွဲပြီး သုံးနိုင်မှာဖြစ်ပြီး ကြော်ငြာတွေ၊ Watermark တွေ
လုံးဝပါဝင်မှာ မဟုတ်ပါဘူး။
Cloud storage နဲ့ Generative AI credit တွေသုံးမှသာ ငွေပေးချေရမှာ ဖြစ်ပါတယ်။
သူ့မှာ အဓိကပါဝင်မယ့် Feature တွေကတော့
✅ Desktop-Level Multi-track timeline မှာ track အကန့်အသတ်မရှိနဲ့ ဗီဒီယိုတွေကို စိတ်ကြိုက် အတိအကျတည်းဖြတ်နိုင်ပါမယ်။
✅ AI နည်းပညာ Speech Enhancement နဲ့ ကိုယ့်ရဲ့အသံသွင်း (voiceover) တွေကို Studio Quality နီးပါး ကြည်လင်အောင်လုပ်နိုင်ပါမယ်။ ဒါ့အပြင် Adobe Firefly AI ကိုသုံးပြီး ကိုယ်ပိုင် Sticker, ပုံတွေ၊ နောက်ခံတွေကို App ထဲမှာတင် ဖန်တီးနိုင်မှာပါ။
✅ အခမဲ့ Creative Asset တွေအပြင် Royalty-free music ပုဒ်ရေ ၂,၀၀၀ ကျော်၊ အရည်အသွေးမြင့် ပုံတွေ၊ Font အလှပေါင်း တစ်ရာကျော်ကို အလကားသုံးနိုင်မှာဖြစ်လို့ ဗီဒီယိုဖန်တီးသူတွေအတွက် အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။
✅ ဒါ့အပြင် Social Media အတွက် TikTok, YouTube Shorts, Instagram တို့အတွက် One-tap နဲ့ အလွယ်တကူ Export လုပ်နိုင်ပါသေးတယ်။
ဒီ App ကို iOS နဲ့ iPadOS အတွက်
လာမယ့် စက်တင်ဘာလ မှာ
စတင်ဖြန့်ချိသွားမှာဖြစ်ကြောင်း သိရပါတယ်။ iPhone 17 Event မှာ ထုတ်သုံးပြရင်တော့ မိုက်ပြီ
iPhone, iPad တွေက
AI ပိုင်းနောက်ကျနေပေမဲ့ Software Company မျိုးစုံက ရှယ်တွေချည်းထုတ်ပေးနေတော့ ငါတို့မှာ Pro software မျိုးစုံရှိတယ်ဆိုပြီးပြန်ကြွယ်လို့ရတယ် 😛
ဒီရက်ပိုင်း စိတ်ဝင်စားဖို့ကောင်းတဲ့
content, news တွေ တင်မှာဖြစ်လို့ follow
မလုပ်ရသေးရင် follow ထားပါဦးဗျာ
Mac Tonic - Your Mac Friend
Your Reliable Gadget Lab




Comments