top of page

MacOS မှာ Video ကြည့်ဖို့ အကောင်းဆုံး App 3 ခု

  • Aug 26, 2025
  • 1 min read

Macbook, iMac, Mac Mini သုံးတဲ့ user တွေအတွက် Video ဖွင့်ရင်

“ဟိုမှာ download ထားတာ ဖွင့်လို့မရ၊

ဒီကဟာ ဖွင့်လို့မရ” ဖြစ်ဖူးကြတယ်မလား။


အဲ့ဒီ format ပေါင်းစုံဖြစ်နေတဲ့ video file တွေအတွက် သုံးလို့ကောင်းတဲ့

ကျွန်တော့်ရဲ့ အကြိုက်ဆုံး

Video Player App 3 ခုကို ညွှန်းပေးပါမယ်။


1. IINA

သူ့ အဓိက Feature က Format တော်တော်များများကို အလွယ်တကူဖွင့်နိုင်ပြီး Subtitle တွေကို စိတ်ကြိုက်ပြင်လို့ရတာ အမိုက်ဆုံးပါ။

MacOS အတွက် သီးသန့်ထုတ်ထားတဲ့ Player ဖြစ်လို့ သူ့ UI က Apple ဆန်ဆန်

တော်တော်လှတဲ့အထဲပါတယ်။

Mac Tonic မှာ စာဖတ်နေကြသူဆိုရင်တော့

ကျွန်တော် အမြဲညွှန်းတဲ့ Player App အနေနဲ့ သိကြမှာပါ။

2. VLC Media Player

Windows သမားတွေ ပိုသိမှာပါ။

သူ့ အဓိက Feature က ဘာ Format ပဲဖြစ်ဖြစ် အကုန်ဖွင့်လို့ရတယ်။

Open Source ဖြစ်တာကြောင့် လုံးဝ Free သုံးလို့ရပြီး UI က ရိုးရှင်းပေမယ့် Function စုံပါတယ်။ အခုဆို VLC team က

AI subtitle နဲ့ Translation ပါ ရလာတော့မယ်လို့တောင်ပြောထားတယ်။


3. QuickTime Player

သူ့ အဓိက Featureက MacOS ရဲ့ First Party App ဖြစ်နေတာပါ။ Format အစုံမရပေမဲ့ သုံး smooth ဖြစ်ပြီး

Apple ရဲ့ Screen record feature တွေက

QuickTime Player ရဲ့ function တွေပါ။

ဒါ့ကြောင့် Screen Recording လုပ်ဖို့ သုံးလို့ရပြီး video trim လုပ်တဲ့ basic edit လေးတွေလုပ်လို့ရပါတယ်။


ကဲ! ကြိုက်တဲ့ App ကို ရွေးပြီး

Video တွေဖွင့်လို့ရပါပြီဗျ။


ဒီ Post လေးကို သူငယ်ချင်းတွေကိုလည်း မျှဝေပေးပါဦး! ➡️ နောက်ထပ် Tips & Tricks တွေအတွက် ကျွန်တော်တို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်


Comments


bottom of page