Apple ရဲ့ Find My Network အကြောင်း
- Red Sunset
- Jul 22
- 2 min read
Updated: Jul 26

Apple ရဲ့ Find My Network က
အခုဆို တခြား Company တွေလည်း develop လုပ်ကြပြီး
product တွေရှိနေကြပါပြီ။
ကျွန်တော် ကြည့်သလောက်တော့
3rd party company တွေကတော့
Apple အတွက် ပိုများပါတယ်။

အရင်က Apple ရဲ့ သိသာခဲ့တဲ့ feature တွေဆိုရင်
ဖုန်းပျောက်ရင် location track လုပ်နိုင်တာ၊
ဖုန်းပြန်မရတော့ရင် ကိုယ့်ဖုန်း သုံးလို့မရအောင်
Activation locked လုပ်တာ
အဲ့ဒီ feature ၂ ခုက 2011 ခုနှစ် မှာ ထူးခြားခဲ့ပါတယ်။
2010 ခုနှစ်ရဲ့ WWDC event မှာ Find My iPhone ဆိုတဲ့
App ကို iCloud service နဲ့အတူ မိတ်ဆက်ခဲ့ပြီး
2011 မှာ officially အသုံးပြုခွင့်ပေးခဲ့ပါတယ်။
စတင်မိတ်ဆက်တုန်းက Find My iPhone နဲ့အတူ Find My Friends ဆိုတဲ့ app ပါမိတ်ဆက်ခဲ့ပြီး
Contact ထဲက iPhone user တွေနဲ့ ထည့်ထားတဲ့ Friend တွေရဲ့ location ကြည့်လို့ရတဲ့ App တစ်ခုပါ။
8 နှစ်ကြာအပြီးမှာတော့ Find My iPhone နဲ့ Find My Friends app တို့ကို ပေါင်းပြီး Find My ဆိုတဲ့ app ကို အသစ် renovate ပြန်လုပ်ခဲ့ပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ?
Apple ရဲ့ micro chip တွေများလာတာနဲ့အတူ
သူ့ device တွေကို မှီခိုပြီး Find My network
တနည်းအားဖြင့် crowd sourcing လို့ခေါ်တဲ့
location ရှာနည်းကို အသုံးပြုပါတယ်။
Apple device (Airtag နဲ့ တခြား Finder tag တွေအပါအဝင်)
အချိန်တိုင်း bluetooth signal ကို အချိန်တစ်ခုတိုင်းမှာ
ထုတ်ပါတယ်
Device ကို sleep, off ထားရင်တောင်
power reserve ကျန်နေသ၍ signal ထုတ်ပါတယ်။
သူတို့ ထုတ်တဲ့ signal ကို ပတ်ဝန်းကျင်မှာ ရှိတဲ့
တခြား Apple device တွေက location data နဲ့ လက်ခံပြီး
encrypted information အဖြစ်နဲ့ Apple server ကို ပို့ပါတယ်။
ဒါကြောင့် Data on ထားတဲ့ Apple device တိုင်းဟာ
သူများ bluetooth signal ကို အပြန်အလှန် လက်ခံပြီး
Apple server နဲ့ အချိန်တိုင်း ချိတ်ဆက်ပါတယ်။
Device တစ်ခုပျောက်သွားရင်
Lost device ရဲ့ bluetooth range မှာ
တခြား Apple device တစ်ခု ရှိတာနဲ့
Lost device ရဲ့ location ကို Owner ဆီ ပြန်ပို့ပါတယ်။
ဒီနည်းနဲ့ Find My "Network" တစ်ခုလုံး
အမြဲတမ်းအလုပ်လုပ်နေပြီး Private key နဲ့ encrypted data အနေနဲ့
လုပ်ဆောင်တာကြောင့် Data ကို Apple ကိုယ်တိုင်တောင်
မသိနိုင်ဘူးပြောပါတယ်။
ကျွန်တော့် သူငယ်ချင်း Android user တစ်ယောက်ကို
MacBook ငှါးပေးလိုက်ပါတယ်။
သူ Cafe သွားတာ ရုံးသွားတာ
ကျွန်တော့် Find My app မှာပေါ်ပါတယ်။
သူ iPhone မသုံးပေမဲ့ သူ့ပတ်ဝန်းကျင်မှာ Apple device တွေရှိလို့
MacBook location ကို သိရတာပါ။
ဒါဟာ privacy ချိုးဖောက်မှုတွေဖြစ်လာနိုင်သလို
မသမာမှုနဲ့ ဒုစရိုက်မှုတွေလည်း ဖြစ်စေနိုင်တဲ့အတွက်
Airtag ရဲ့ misuse တစ်ခုဖြစ်ပါတယ်။
IOS user တွေမှာတော့
သူများ airtag နဲ့ device တစ်ခုပါလာရင်
အချိန်တစ်ခုကြာလို့ suspicious ဖြစ်လာရင်
သူများ device ပါလာကြောင်း သတိပေးပေမဲ့
Android user တွေတော့ ဒါကို သိနိုင်မှာမဟုတ်ပါဘူး။
ဒါက Wow လည်းဖြစ်ရသလို
ကြောက်လည်းကြောက်စရာကောင်းတဲ့ misuse တစ်ခုပါ။
အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျ




Comments