top of page

MacBook ရဲ့ battery protective feature တစ်ခု

MacBook အားသွင်းတော့ အားမဝင်ပဲ

Battery is not charging ဆိုပြီးပေါ်လာရင် မလန့်လိုက်ပါနဲ့


အဲ့ဒါ Mac ရဲ့ Battery life

သက်တမ်း မတိုစေဖို့ Optimized battery charging လို့ခေါ်တဲ့ feature တစ်ခုပါ။


👉 User ရဲ့ behavior နဲ့

MacBook condition ကို ကြည့်ပြီး

charging ကို adjust လုပ်ပေးတာပါ။


ကျွန်တော့် Mac M2 မှာဆို charging တပ်ပြီး ပထမ ၃ မိနစ်လောက် power source ကို cable က ယူပြီး

နောက်မှသာ battery ကို charge လုပ်ပါတယ်။


👉 တကယ်လို့ ကိုယ်က အပြင်သွားစရာရှိလို့ အားသွင်းဖို့လိုအပ်တဲ့အချိန်

ဒီ feature ဝင်နေရင်တော့

System Settings > Battery > Battery Health ဘေးက (i) info လေးကို နှိပ် >

Optimized Battery Charging > Off ပေးလိုက်ပါ


👉 Intel Mac တွေမှာဆိုရင်တော့

SMC restart လုပ်ပြီးဖြေရှင်းနိုင်ပြီး

Silicon Mac တွေမှာတော့

စက် restart ချပြီး လုပ်နိုင်ပါတယ်။


တချို့အခြေအနေဆိုရင်တော့ ဥပမာ

-အရမ်းပူလာရင်ဖြစ်စေ

-power usage များတဲ့ heavy work တွေလုပ်နေရင်ဖြစ်စေ

-charging unit က power အလုံအလောက်

မပေးနိုင်သည်ဖြစ်စေ


အထက်ပါအခြေအနေတွေဆိုရင်တော့

ဒီ feature ကို ဖျောက်လို့ရမှာမဟုတ်ပါဘူးဗျ


Mac Tonic - Your Mac Friend

Your Reliable Gadget Lab


for more info: Read from Apple

Comments


bottom of page